ခုလ၂၅ ရက်နေ့မှာ PHP ရဲ့ Version 8.1 Stable Release ထွက်မှာဖြစ်လို့ Feature အသစ်တွေကိုပြောသွားမှာဖြစ်ပါတယ်။
Enum က v8.1 မှာ Support ပေးမယ့် Data Type အသစ်တစ်မျိုးဖြစ်ပြီးတော့ long term အနေနဲ့ Enumerated Type လို့ခေါ်ပါတယ်။ Enum ကို Support ပေးသင့်တာကြာပါပြီ။ အသုံးဝင်တဲ့ Type မို့လို့ဖြစ်ပါတယ်။
enum Role
{
case ADMIN;
case USER;
}
PHP မှာ Role တွေသတ်မှတ်တဲ့အခါ 1 (သို့မဟုတ်) 0 ၊ String Literal တွေနဲ့သတ်မှတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် Enum တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။
သူတို့ရဲ့ Default Value တွေကတော့ Array Position တွေလိုမျိုးပဲ 0 ကနေစမှာဖြစ်ပါတယ်။ Enum တွေကိုခေါ်သုံးချင်တဲ့အခါ Enum::KEY အဖြစ်နဲ့ခေါ်သုံးလို့ရပါတယ်။ Role Enum က Admin ကိုခေါ်ချင်ရင် Role::ADMIN လို့လှမ်းခေါ်ရုံပါပဲ။
သိကြတဲ့အတိုင်း PHP သည် Dynamic Typed Language အမျိုးအစားဖြစ်တဲ့အတွက် Enum တွေကို Custom String Value တွေပေးလို့ရပါတယ်။ Enum တွေကို Custom Value ပေးချင်ရင် အောက်ပါအတိုင်းပေးလို့ရပါတယ်။ Technical Term အရ Backed Enum လို့ခေါ်ပြီးတော့ Custom Value မပါတဲ့ Enum တွေကို Pure Enum လို့ခေါ်ပါတယ်။
Backed Enum တွေကို Return Value သတ်မှတ်တဲ့အခါမှာ String (သို့မဟုတ်) Integer နှစ်မျိုးပဲသတ်မှတ်လို့ရမှာကိုသတိပြုပါ။
enum Role:string
{
case ADMIN = "admin";
case USER = "user";
}
Database Table ထဲက Role တွေမှာ String Literal နဲ့သတ်မှတ်ထားတဲ့အခါမျိုးဆိုရင် Role Enum ကိုသုံးပြီးတော့ အောက်ပါအတိုင်းတိုက်စစ်လို့ရမှာဖြစ်ပါတယ်။
if(auth()->role === Role::ADMIN->value)
next();
else return false;
Enum တွေဟာ Class လိုမျိုးပဲ Method တွေပါသတ်မှတ်လို့ရပါတယ်။
enum Cards
{
case JACK;
case QUEEN;
case KING;
public function name(): string
{
return match($this)
{
Cards::JACK => 'jack',
Cards:: QUEEN => 'queen',
Cards::KING => 'king',
};
}
}
$card = Cards::KING;
$card->name(); // king
Enum ထဲမှာ Static Function တွေကိုလည်းသတ်မှတ်နိုင်မှာဖြစ်ပါတယ်။
Cards::JACK
အစား self::JACK
အဖြစ်လည်းအသုံးပြုလို့ရပါတယ်။
Enum တွေသည် Object ပဲဖြစ်တဲ့အတွက်ကြောင့် ဘယ် Enum ရဲ့ instance ဖြစ်မဖြစ်ကိုလည်းစစ်လို့ရပါတယ်။
$card insanceof Status; // true
Enum ရဲ့ Name ကိုလိုချင်ရင် $card->name အဖြစ်နဲ့ယူလို့ရပါတယ်။ PHP RFC ကတော့ Debugging အတွက်ပဲသုံးသင့်တယ်လို့ပြောထားပါတယ်။
Fibers တွေက v8.1 မှာ Support ပေးမယ့် Low Level Mechanism တစ်ခုဖြစ်ပါတယ်။ Thread တွေ Parallel အလုပ်လုပ်ဖို့အတွက် Support ပေးထားတဲ့ကောင်ဖြစ်ပါတယ်။ v7.0 မှာကတည်းက Support ပေးပေမဲ့ခု Fiber က Higher Level Abstraction ပုံစံအဖြစ်နဲ့ Support ပေးတာဖြစ်ပါတယ်။ ကွာတာက PHP မှာ Support ပေးတဲ့ Thread က Green Thread ဖြစ်တဲ့အတွက် User Level Space မှာပဲအလုပ်လုပ်မှာဖြစ်ပါတယ်။ Green Thread ကို Java VM v1.1 မှာသုံးခဲ့ပါတယ်။ JVM မှာ Implement လုပ်ထားတဲ့ Green Thread Model က Java ကိုနှေးစေတဲ့အတွက်ဖြုတ်လိုက်တာဖြစ်ပါတယ်။
PHP မှာ Fiber Implement လုပ်ရတဲ့အဓိကအကြောင်းအရင်းက Asynchronously အလုပ်လုပ်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီနေရာမှာ Async ကိုရှင်းဖို့လိုပါတယ်။
ကျွန်တော်တို့ Request သုံးခုပို့စရာရှိတယ်ဆိုပါစို့။ Synchronous အရဆိုရင် ပထမတစ်ခုကိုပို့မယ်။ ဒုတိယတစ်ခုကိုပထမတစ်ခုပို့ပြီးမှပို့မယ်။ တတိယတစ်ခုကိုလည်းဒုတိယတစ်ခုပို့ပြီးမှပို့မယ်။ အစဉ်လိုက်အလုပ်လုပ်လိမ့်မယ်။ အစဉ်လိုက်ပို့တဲ့အခါမှာ တစ်ခုပြီးမှတစ်ခုလုပ်ရတဲ့အတွက်ကြောင့် စောင့်ရတဲ့အချိန် (Waiting Time) ပိုကြာပါတယ်။ ဒါ့ကြောင့် PHP ရဲ့ I/O Process တွေမှာကြာပါတယ်။ Waiting Time ကို Reduce လုပ်နိုင်ဖို့အတွက် Parallel အလုပ်လုပ်ခိုင်းဖို့လိုပါတယ်။ ဒီအတွက် Asynchronous ဖြစ်လာရတာဖြစ်ပါတယ်။ ခုလိုမျိုး PHP ရဲ့အားနည်းချက်တွေကြောင့် Node JS မှာရနိုင်တဲ့ Asynchronous ပိုင်းကိုမရနိုင်တာဖြစ်ပါတယ်။
Framework တွေအတွက် အဓိကဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့သုံးမပြတော့ပါဘူး။ JavaScript ရတယ်ဆိုရင် Promise.all နဲ့အလုပ်လုပ်ပုံအတူတူပါပဲ။
$a = [ 1, 2, 3];
$b = [ 4,5,6, ...$a ]; // [ 4, 5, 6, 1, 2, 3 ]
Associated Array တွေမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Value ကို Read ရုံပဲ Access စေချင်ရင် Read Only ကိုသုံးနိုင်မှာဖြစ်ပါတယ်။
class Post {
public function __construct(
public readonly string $title,
) {}
}
function foo(int $a, int $b) { /* … */ }
$foo = foo(...);
$foo(a: 1, b: 2);
Argument တွေကို Passing မပေးချင်တဲ့အခါသုံးနိုင်ပါတယ်။
function generateSlug(HasTitle&HasId $post) {
return strtolower($post->getTitle()) . $post->getId();
}
Multiple Interface တွေ နဲ့တွဲအလုပ်လုပ်တဲ့အခါမျိုးကြရင်အဆင်ပြေပါမယ်။ အထက်က ဥပမာမှာဆိုရင် $post က HasTitle နဲ့ HasId Interface ကို Implement ထားတဲ့ကောင်ဖြစ်မှရပါမယ်။ခုလိုအချိန်မျိုးကြရင်သုံးလို့ရမှာပါ။
Program Flow ကို Break ပါသွားတဲ့ Function တွေမှာအသုံးပြုနိုက်ပါတယ်။ Redirect function မှာဆိုရင် Header ကို Sent ပြီးတာနဲ့ Code Execution ရပ်လိုက်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် void အစား never ကိုသုံးရတာသင့်တော်ပါတယ်။
function redirect(mixed $url): never
{
header("Location: $url");
exit;
}
Indexing Array ဖြစ်၊ မဖြစ်စစ်ချင်တဲ့အခါမျိုးမှာသုံးနိုင်ပါတယ်။
$list = ["a", "b", "c"];
array_is_list($list); // true
PHP ရဲ့ constant တွေကို Inheritance လုပ်တဲ့အချိန်မှာ Override လို့ရပါတယ်။ Override မဖြစ်စေချရင် Parent Class ရဲ့ Constant မှာ final လေးထည့်ပေးရုံပါပဲ။
class Foo
{
final public const X = "foo";
}
ကျန်တဲ့ Minor changes တွေကို Rfc မှာသွားကြည့်လို့ရပါတယ်။ https://wiki.php.net/rfc